20 August 2014

အီဘိုလာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အာဖရိက အနောက်ပိုင်းက ပြန်လာသူ အသက်(၂၂)အရွယ်အမျိုးသား (၁)ဦး ဝေဘာဂီဆေးရုံသို့ လွှဲပြောင်းဆေးကုသခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်


အာဖရိကအနောက်ပိုင်းဒေသရှိ နိုင်ငံများတွင် ကူးစက်မြန်အီဘိုလာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှု မရှိစေရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆိပ်ကမ်းများ နယ်စပ်ဖြတ်ကျော် ၀င်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း ရောဂါဖြစ်ပွားသော နိုင်ငံများသို့ ခရီးသွားလာမှုနှင့် လူနာနှင့် ထိတွေ့သော ရာဇ၀င်ရှိသူများအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။(၁၉-၈-၂၀၁၄) ရက်နေနေ့ ညပိုင်းတွင် ကျန်းမာရေး ၀န်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေး အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်စဉ် အာဖရိက အနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက် လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းစသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာတီဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ လူနာနှင့်အတူ လူနာအား ပြုစုကုသလိုက်ပါပို့ဆောင်သူ (၄)ဦးအားလည်း ဝေဘာဂီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဓါတ်ခွဲစစ်ဆေးခြင်းများကို ဆောင်ရွက်လျက် ရှိပါသည်။

No comments:

Post a Comment