20 August 2014

ကျန်းမာရေးအတွက် စက်ဘီးစီးမယ်



စက်ဘီးစီးခြင်း ဆိုတာဟာလည်း ခန္ဓာကိုယ်အတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်သော လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ စက်ဘီးစီးခြင်းမှ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူး များကတော့ -

(၁) ကြွက်သားများကို သန်မာစေနိုင်ပါတယ်

စက်ဘီးစီးရာတွင် ခြေထောက်ကြွက်သားများကို အသုံးပြုပြီး စီးနှင်းရသည့် အတွက် ခြေသလုံးကြွက်သား သန်မာစေနိုင်တဲ့ အပြင် ခန္ဓာကိုယ် ကြွက်သားတွေကိုပါ သန်မာစေနိုင်ပါတယ်။

(၂) အဆီများကိုလည် လျော့ကျစေနိုင်ပါတယ်

ခန္ဓာကိုယ်မှာ ရှိတဲ့ အလိုအပ်သော အဆီတွေကို စက်ဘီးစီး လေ့ကျင့် ခန်းက လျော့ချပေးနိုင်ကြောင်း သိရပါတယ်။

(၃) နှလုံးအတွက် ကောင်းမွန်ပါတယ်

စက်ဘီးစီးခြင်းကြောင့် အမောဒဏ်ကို ခံနိုင်တဲ့ အပြင် နှလုံးကြွက်သားများကိုလည်း သန်မာစေနိုင်ပါတယ်။

(၄) ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်မှု များစွာ ရှိသောကြောင့် စက်ဘီးစီးလေ့ကျင်ခန်းဟာ ကျန်းမာရေး အတွက် လုပ်သင့်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

Ref - healthnews
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment